သမ္ဗုဒ္ဓေဂါထာတော်
သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ ။
ပဉ္စဿတ သဟဿာနိ ၊ နမာမိ သိရသာမဟံ ။
အပ္ပကာ ၀ါလုကာ ဂင်္ဂါ ၊ အနန္တာ နိဗ္ဗုတာ ဇိနာ ။
တေသံ ဓမ္မဉ္စ သံဃဉ္စ ၊ အာဒရေန နမာမဟံ ။
နမက္ကရာနုဘာဝေန ၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ ။
အနေက အန္တရာယာပိ ၊ ၀ိနဿန္တု အသေသတော ။
သမ္ဗုဒ္ဓေ ဂါထာအနက်
အဋ္ဌ၀ီသံ - သုံးပါး ဘ၀ သုံးလောကတွင် ဉာဏရောင်ဖိတ် အောင်ဘိသိက်နှင့် နှစ်ကျိပ်ရှစ်ဆူ ကုန်သော ။ သမ္ဗုဒ္ဓေစ - တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကို လည်းကောင်း ၊ ဒွါဒသဉ္စသဟဿကေ - နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော ၊ သမ္ဗုဒ္ဓေစ - လရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကို လည်းကောင်း ၊ ပဉ္စဿတ သဟဿာနိ - သောင်းတိုက် စကြ၀ဠာ ဂုဏ်ဝါရောင်ရှိန်း ငါးသိန်းကုန်သော ၊ သမ္ဗုဒ္ဓေစ - နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာလင်းထိန် မြတ်မုနိန်တို့ကို လည်းကောင်း ၊ အဟံ - အကျွန်ုပ်သည် ၊ သိရသော - ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊ နမာမိ - ရိုသေညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ ။
ဂင်္ဂါ - ဂင်္ဂါယ - ဂင်္ဂါမြစ်တွင်း၌ ၊ ၀ါလုကာ - ရှိကြကုန်သော သဲတို့သည် ၊ အပ္ပကာ - နည်းကြကုန်သေး၏ ၊ နိဗ္ဗုတာ - ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော် မူကြကုန်ပြီးသော ၊ ဇိနာ - နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင် အပေါင်းတို့အား ၊ အနန္တော - သင်္ချာဂဏန်း ရေတွက်မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန် ၊ တေဇိနေစ - ထိုဘုရားရှင်တို့ကို လည်းကောင်း ၊ တေသံ - ထို ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ ကုန် ဘုရားရှင် ၊ မရေမတွက်နိုင်သော ဘုရားရှင်တို့၏ ၊ ဓမ္မဉ္စ - တရားတော်မြတ်ကို လည်းကောင်း ၊ သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကို လည်းကောင်း ၊ အဟံ - အကျွန်ုပ်သည် ၊ အာဒရေန - အာဒရံ - ရိုသေစွာ ၊ နမာမိ - ရှိခိုးပါ၏ ။
နမက္ကာရာနုဘာဝေန - ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ပဏာမ ကုသိုလ် စေတနာကြောင့် ၊ သဗ္ဗေ - ခပ်သိမ်းကုန်သော ၊ ဥပဒ္ဒဝေ - ဘေးရန်တို့ကို ၊ ဟိတွာ - ပယ်ဖျောက်၍ ၊ အနေကအန္တရာယာပိ - တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်ဖြင့် ၊ ၀ိနဿန္တု - ပျောက်ပျက်ပါစေကုန်သတည်း ။
မြတ်သမ္ဗုဒ္ဓေ ၊ ဆူဝေကျော်ကြား ၊ နိဒါန်းအားဖြင့် ၊ ကွမ်းစားသတ္တော် ၊ခေါင်းလျှော်ဒသ ၊ သတ္တတြိန်း ၊ ဆီလိမ်းပဉ္စ ၊ စီးထလှေမှာ ၊ ရှစ်ကြိမ်သာတည့် ၊ နံ့သာပန်းမျိုး ၊ ကိုးကြိမ်နှိုးလော့ ၊ ချုပ်မိုးညဥ့်ခါ ၊ အိပ်ရာဝင်မူ ၊ ကိုးကြိမ်ဟူ၏ ။ ရန်သူတွေ့မြောက် ၊ ဆယ့်တစ်ခေါက်တည့် ၊ စစ်ထိုးသောခါ ၊ ရွတ်ပါ ကိုးကြိမ် ၊ စံအိမ်သန္ဓေ ၊ မဖွားနေမူ ၊ ရေမှာ ကိုးခေါက် ၊ မန်း၍ သောက်က ၊ ဖွားမြောက်ခဏ ၊ ချမ်းသာရ၏ ။
ခေတ္တနှောင်သွင်း ၊ သံခြေကျင်းနှင့် ၊ အပြင်းတိုက်လှောင် ၊ တစ်ထောင်ရွတ်လေ ၊ လွတ်ထွက်ပေ၏ ။ ပန်းမွှေး နှစ်ခေါက် ၊ ခရီးလျှောက်မူ ၊ ခေါင်းမှာတင်စိုက် ၊ ရန်ဘေး၌လည်း ၊ မြူဆိုက်မလိမ်း ၊ ကင်းလွတ်ငြိမ်း၏ ။
ခပ်သိမ်းရောဂါ ၊ ဗျာပါလည်းကင်း ၊ သောကရှင်း၍ ၊ မင်းမင်းတကာ ၊ ကြည်စွာမြတ်နိုး ၊ ရေပြည့်အိုးသို့ ၊ မညိုးပန်းသွင် ၊ နေ့တိုင်းပင်တည့် ၊ ထွက်ဝင်ရဲရဲ ၊ လူခပဲတို့ ၊ အံ့အဲစလောက် ၊ ထွန်းတောက်ပ၀င်း ၊ ပွင့်လင်းသာသနာ ၊ ပွားကြောင်းရှာ၍ ၊ စန္ဒာလမင်း ၊ ကောင်းကင်ချဉ်းသို့ ၊ ကောင်းခြင်းထွေထွေ ၊ ကောင်းကျိုးဝေသည် ၊ သမ္ဗုဒ္ဓေ၏ တန်ခိုးတည်း ။
၎င်း လင်္ကာ၏ အဓိပ္ပာယ်မှာ သမ္ဗုဒ္ဓေဂါထာကို ကွမ်းစားလျှင် - ၇ ခေါက် ၊ ခေါင်းလျှော်လျှင် - ၁၀ ခေါက် ၊ ထမင်းစားလျှင် - ၃ ခေါက် ၊ ဆီလိမ်းလျှင် - ၅ ခေါက် ၊ လှေစီးလျှင် - ၈ ခေါက် ၊ ပန်းနံ့သာ လိမ်းလျှင် - ၉ ခေါက် ၊ စစ်တိုက်သော အခါ - ၉ ခေါက် ၊ အချုပ်အနှောင်ခံရသောအခါ အခေါက်ရေ ၁၀၀၀ ၊ လမ်းခရီးသွားလျှင် - ၂ ခေါက် ၊ အသီးသီး ရွတ်ဆိုပါက လိုရာ ကိစ္စ အ၀၀ ပြီးမြောက်နိုင်သည် ။ ထို့ပြင် မွှေးသောပန်းကို ကိုင်၍ သမ္ဗုဒ္ဓေဂါထာကို ၉ ခေါက်ရွတ်ပြီး ခေါင်းမှာ ပန်ဆင်ပါက ဘေးအန္တရာယ် ဟူသမျှ ကင်းလွတ်သည် ။ နေ့စဉ် ၉ ခေါက် မှန်မှန် ရွတ်ဆိုပါကလည်း ရောဂါကင်းခြင်း ၊ သောကကင်းခြင်း ၊ မင်းတကာတို့ ပူဇော်ခြင်း ခံရမည်ဟု အဓိပ္ပာယ် ရပေသည် ။
Showing posts with label Buddha Myanmar Books. Show all posts
Showing posts with label Buddha Myanmar Books. Show all posts
Sunday, January 1, 2012
Monday, April 4, 2011
Sunday, September 26, 2010
Subscribe to:
Posts (Atom)